
ဒီနှစ် စပါးပေါ်ချိန်လောက်က မြောင်ဒကာ စက်မှုဇုန်မှာ ရိုက်ခဲ့ပုံလေးပါ။
အဲဒီပုံကို ရိုက်တဲ့အချိန်က နေ့လည်တစ်နာရီကျော် နေရောင်က ခြစ်ခြစ် တောက်ပူလောင်နေတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာ ကျွန်တော့်မှာ ထီးပါပါတယ်။ ဒါပေမယ့် ပူလွန်းလို့ ထွက်ပြေးချင် စိတ်ပေါက်တောင် ပေါက်မိပါတယ်။
ရေအိုင်လေးမှာ ငါးဖမ်းနေတဲ့ ညီအစ်ကိုလေး နှစ်ယောက်ကတော့ အဲလို ပူလောင်တဲ့ နေမင်းကို အံတုပြီး စပါးပင်တွေကြားက ရေအိုင်လေးတွေမှာ ငါးဖမ်းနေပါတယ်။ သူတို့ အတွက်ကတော့ ပူလောင်ခြင်းဟာ ရေအိုင်ထဲက ငါးလောက် အရေးမကြီး ပုံမပေါ်ပါဘူး။
Read
More...
Summary
only...

ဒီပုံလေးက စစ်ကိုင်းတောင်ရိုးမှာ ရိုက်ခဲ့တာပါ။
ကျွန်တော်တို့ အုပ်စု မန္တလေးသွားတုန်းက ရာသီဥတု ဆိုးရွားလွန်းတာကြောင့် စစ်ကိုင်းချောင်က သီလှရှင်ကျောင်း တစ်ကျောင်းမှာ တစ်ညတည်းခို ခဲ့ရပါတယ်။ နောက်နေ့မနက်မှာ သီလှရှင်လေးတွေ ခရေပန်းကောက်ပြီး ဘုရာပေါ် တက်သွားတာ မြင်လို့ လှမ်းရိုက်လိုက်တာပါ။ ကင်မရာက အိုလမ်ပတ် Mega Pixel 4.0 ပျော်တမ်း ကင်မရာလေး ဖြစ်တာကြောင့် ပုံထွက်တော့ မကောင်းလှပါဘူး။ ဒါပေမယ့် အမှတ်တရ အနေနဲ့ တင်လိုက်တာပါ။
ရာဦဥတုဆိုးရွားလို့ စစ်ကိုင်းချောင်မှာ အရေးပေါ် အိပ်လိုက်ရတဲ့ အကြောင်းကို
ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်
Read
More...
Summary
only...

ပြီးခဲ့ ကိုနေဘုန်းလတ် မွေးနေ့မှာ မင်္ဂလာဈေး အပေါ်ဆုံးထပ်ကနေ လှမ်းဖူးတွေ့နေရတဲ့ ရွှေတိံဂုံဘုရားကို ဘလာဂေါက်ရဲ့ ဆိုနီ 6.0 ကင်မရာလေးနဲ့ လှမ်းရိုက်ထားလိုက်တဲ့ ပုံလေးပါ။
ဝင်တော့လုဆဲဆဲ နေအရောင်က တိပ်တွေကို ရောင်ပြန်ဟပ်ပြီး လွှမ်းခြုံထားပုံက ရုတ်တရာက်ကြည့်လိုက်ရင် ဘုရားကို ဆီးမီးထွန်းပေး ထားသလိုပါပဲ
Read
More...
Summary
only...
ပြီခဲ့တဲ့ နွေရောသီတုန်းက ရိုက်ခဲ့တဲ့ ပုံလေးပါ
ဒီပုံလေးက မကွေးကနေ ပခုက္ကူကိုအသွား လမ်းမှာ ကားဆီထည့်လို့ ခဏနားတုန်း ရိုက်ထား လိုက်တာပါ။
အဲဒီအချိန်က မကွေးကနေ ပခုက္ကူသွားရာ လမ်းတစ်လျှောက်မှာ စိန်းပန်းတွေ ရဲနေအောင် ပွင့်နေကြပါတယ်။ ဖုန်တစ်ထောင်းထောင်းနဲ့ အရမ်းကိုပူပြင်းလှတဲ့ ရာသီဥတုကို အံတုပြီး ပြိုင်တူပွင့်နေကြတဲ့ စိန်ပန်းပွင့်လေးတွေက ညီညွတ်မှုကို ပြသနေပါတယ်
Read
More...
Summary
only...

ဒီနှစ် သင်္ကြန်မတိုင်ခင် ချောင်းသာ ကမ်းခြေကို သွားခဲ့တယ်။ အဲဒီလိုနဲ့ ကမ်းခြေမှာ လျှောက်ရိုက်ရင်း ဒီပုံလေးကို ရခဲ့တာပါ။
Read
More...
Summary
only...

ဒီပုံလေးကို ရွေပြည်သာမြို့နယ်က မိဘမဲ့ ကလေးကျောင်းတစ်ခု မှာရိုက်ခဲ့တာပါ။
ဒီနှစ် အစပိုင်းလောက်က ရွေပြည်သာမြို့နယ်က မိဘမဲ့ ကလေးကျောင်း တစ်ခုကို အွန်လှိုင်းဒိုနေရှင်းအဖွဲ့နဲ့ လိုက်သွားဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေကို ထမင်းကျွေးပြီးတော့ စာအုပ်ခဲတံ အ၀တ်စားနှင့် ငွေသာအချို့ကို အွန်လှိုင်းဒိုနေရှုင်း အဖွဲ့ကလှုဒါန်းခဲ့ပါတယ်။
ကလေးတွေ ထမင်းစားပြီးတဲ့ အချိန်မှာ လာရောက်လှုဒါန်းကြတဲ့ အစ်ကိုအစ်မ တွေကို သီချင်းဆို ဖျော်ဖြေနေတုန်း ရိုက်ထားလိုက်တာပါ
Read
More...
Summary
only...

ဧရာဝတီတိုင်း ကျိုက္ကလတ် မြို့နယ်ထဲက ညှောင်ခြေထောက် ဆိုတဲ့ ကျေးရွာလေးကို ယူနီဆပ် အဖွဲ့နဲ့ ၀က်သက် ကာကွယ်ဆေး ထိုးဖို့လိုက် သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးပါ။
အဲဒီရွာလေးက ကျိုက္ကလတ်မြို့ပေါ်ကနေ Speed Boat နဲ့ လေးဆယ့်ငါးမိနစ်လောက် မောင်းရပါတယ်။ ကျွန်တော်တို့ လှေပေါ်က ဆင်းလာတာကို ကမ်းခြေတဲ လေးပေါ်ကနေ ကလေးနှစ်ယောက်က ကြည့်နေပါတယ်။ အဲဒီအချိန်မှာ လှေပေါ်ကနေ သူတို့ကို လှမ်းရိုက်လိုက်တာပါ။
Read
More...
Summary
only...

အိမ်မှာ ဖိနပ်ရှိတယ် ပျောက်သွားမှာစိုးလို့ မစီးတာပါ
အပြည့်စုံကို ကိုမျက်လုံး တစ်ခါရေးဖူးပါတယ်
Read
More...
Summary
only...

ဒီပုံက ဘုရင့်ညီနောင်ဂူမှာ ရိုက်ခဲ့တာပါ
ဘုရင့်ညီနောင်ဂူကတော့ ကရင်ပြည်နယ်မှာ တည်ရှိပြီး စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ ဂူရဲ့ သမိုင်းကြောင်းကို နောက်ပိုင်းမှာ ဆက်လက် ရေးသားသွားပါမယ်
Read
More...
Summary
only...

ကျောက္ကလပ် ဘုရား ပုံတော်ပါ
ကျောက္ကလပ် ဘုရားဟာ ကရင်ပြည်နယ် ဖားအံမြို့ အနီး ဇွဲကပင်တောင်နဲ့ မနီးမဝေးမှာ တည်ရှိပြီး ကျောက္ကလပ်ကနေကြည့်ရင် ဇွဲကပင် တောင်နံရံက ကရင်မောင်နှပုံ ကိုလှမ်းမြင်နေရပါတယ်။
ကျောက္ကလပ် ဘုရားတည်နေပုံဟာ ထူးခြားဆန်းကျယ်ပြီး မည်မျှ ပြင်းထန်တဲ့ မြေငလျှင်တွေ လုပ်နေပါစေ ကျောက်ခဲ တစ်လုံးတစ်လေမှ ကွာမကျဘူးလို့ လည်းပြောကြပါတယ်။
ယခင်က သာမည ဆရာရာတော် ဘုရားကြီး အဓိဌာန် ၀င်ခဲ့ရာ နေရာတစ်လည်းဖြစ်ပါတယ်။ ယုခုအခါမှာတော့ သာမည ဆရာတော်ဘုရားကြီးရဲ့ မြေးဝမ်းကွဲ တော်စပ်သည့် ဆရာတော်က ကျောင်းထိုင်နေပါတယ်။
လာသမျှ ဧည့်ပရိတ်သတ်အားလုံးကို နေ့ညမရွေး သက်သတ်လွတ် ထမင်းဟင်းနဲ့ ဧည့်ခံကျွေးမွေးပါတယ်။
Read
More...
Summary
only...

That is the picture I took when I go Maw Hla Myaing.
Read
More...
Summary
only...

I got from outer side of Chin Twin Raiver, Mon Ywa .
Read
More...
Summary
only...

That picture i took at Mandaly
Read
More...
Summary
only...

That picture i took at Mandaly
Read
More...
Summary
only...

This is Myin Gone (Hourse Head) Cement Factory.
This factory is locate at Kyuk Sel Township at Mandalay Division in Myanmar.
I shot these pictures on a tower, nearly height of building level 8. Truly difficult to climb that building.
Read
More...
Summary
only...

This picture i took at Pyin Oo Lwin.
She was just five years old when Pyin Oo Lwin ClockTower was build.
That clocktower was build at 1935.
Read
More...
Summary
only...

That is the picture I took when I reached Sat Saell Beach.
This is a beach located, in Mon State at Myanmar.
Read
More...
Summary
only...

That is the picture I took when I came down from Kyte Thie Yoe Pagoda .
At that time, these were mist on the mountain range.
Read
More...
Summary
only...