
ဒီနှစ် စပါးပေါ်ချိန်လောက်က မြောင်ဒကာ စက်မှုဇုန်မှာ ရိုက်ခဲ့ပုံလေးပါ။
အဲဒီပုံကို ရိုက်တဲ့အချိန်က နေ့လည်တစ်နာရီကျော် နေရောင်က ခြစ်ခြစ် တောက်ပူလောင်နေတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာ ကျွန်တော့်မှာ ထီးပါပါတယ်။ ဒါပေမယ့် ပူလွန်းလို့ ထွက်ပြေးချင် စိတ်ပေါက်တောင် ပေါက်မိပါတယ်။
ရေအိုင်လေးမှာ ငါးဖမ်းနေတဲ့ ညီအစ်ကိုလေး နှစ်ယောက်ကတော့ အဲလို ပူလောင်တဲ့ နေမင်းကို အံတုပြီး စပါးပင်တွေကြားက ရေအိုင်လေးတွေမှာ ငါးဖမ်းနေပါတယ်။ သူတို့ အတွက်ကတော့ ပူလောင်ခြင်းဟာ ရေအိုင်ထဲက ငါးလောက် အရေးမကြီး ပုံမပေါ်ပါဘူး။
Read
More...
Summary
only...

ဒီနှစ် သင်္ကြန်မတိုင်ခင် ချောင်းသာ ကမ်းခြေကို သွားခဲ့တယ်။ အဲဒီလိုနဲ့ ကမ်းခြေမှာ လျှောက်ရိုက်ရင်း ဒီပုံလေးကို ရခဲ့တာပါ။
Read
More...
Summary
only...

ဒီပုံလေးကို ရွေပြည်သာမြို့နယ်က မိဘမဲ့ ကလေးကျောင်းတစ်ခု မှာရိုက်ခဲ့တာပါ။
ဒီနှစ် အစပိုင်းလောက်က ရွေပြည်သာမြို့နယ်က မိဘမဲ့ ကလေးကျောင်း တစ်ခုကို အွန်လှိုင်းဒိုနေရှင်းအဖွဲ့နဲ့ လိုက်သွားဖြစ်ပါတယ်။ အဲဒီမှာ ကလေးတွေကို ထမင်းကျွေးပြီးတော့ စာအုပ်ခဲတံ အ၀တ်စားနှင့် ငွေသာအချို့ကို အွန်လှိုင်းဒိုနေရှုင်း အဖွဲ့ကလှုဒါန်းခဲ့ပါတယ်။
ကလေးတွေ ထမင်းစားပြီးတဲ့ အချိန်မှာ လာရောက်လှုဒါန်းကြတဲ့ အစ်ကိုအစ်မ တွေကို သီချင်းဆို ဖျော်ဖြေနေတုန်း ရိုက်ထားလိုက်တာပါ
Read
More...
Summary
only...

ဧရာဝတီတိုင်း ကျိုက္ကလတ် မြို့နယ်ထဲက ညှောင်ခြေထောက် ဆိုတဲ့ ကျေးရွာလေးကို ယူနီဆပ် အဖွဲ့နဲ့ ၀က်သက် ကာကွယ်ဆေး ထိုးဖို့လိုက် သွားတုန်းက ရိုက်ခဲ့တဲ့ပုံလေးပါ။
အဲဒီရွာလေးက ကျိုက္ကလတ်မြို့ပေါ်ကနေ Speed Boat နဲ့ လေးဆယ့်ငါးမိနစ်လောက် မောင်းရပါတယ်။ ကျွန်တော်တို့ လှေပေါ်က ဆင်းလာတာကို ကမ်းခြေတဲ လေးပေါ်ကနေ ကလေးနှစ်ယောက်က ကြည့်နေပါတယ်။ အဲဒီအချိန်မှာ လှေပေါ်ကနေ သူတို့ကို လှမ်းရိုက်လိုက်တာပါ။
Read
More...
Summary
only...

အိမ်မှာ ဖိနပ်ရှိတယ် ပျောက်သွားမှာစိုးလို့ မစီးတာပါ
အပြည့်စုံကို ကိုမျက်လုံး တစ်ခါရေးဖူးပါတယ်
Read
More...
Summary
only...

I got from outer side of Chin Twin Raiver, Mon Ywa .
Read
More...
Summary
only...

That picture i took at Mandaly
Read
More...
Summary
only...