Showing posts with label fish. Show all posts
Showing posts with label fish. Show all posts

Saturday, September 8, 2007

ငါးဖမ်းမယ်



ဒီနှစ် စပါးပေါ်ချိန်လောက်က မြောင်ဒကာ စက်မှုဇုန်မှာ ရိုက်ခဲ့ပုံလေးပါ။

အဲဒီပုံကို ရိုက်တဲ့အချိန်က နေ့လည်တစ်နာရီကျော် နေရောင်က ခြစ်ခြစ် တောက်ပူလောင်နေတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာ ကျွန်တော့်မှာ ထီးပါပါတယ်။ ဒါပေမယ့် ပူလွန်းလို့ ထွက်ပြေးချင် စိတ်ပေါက်တောင် ပေါက်မိပါတယ်။
ရေအိုင်လေးမှာ ငါးဖမ်းနေတဲ့ ညီအစ်ကိုလေး နှစ်ယောက်ကတော့ အဲလို ပူလောင်တဲ့ နေမင်းကို အံတုပြီး စပါးပင်တွေကြားက ရေအိုင်လေးတွေမှာ ငါးဖမ်းနေပါတယ်။ သူတို့ အတွက်ကတော့ ပူလောင်ခြင်းဟာ ရေအိုင်ထဲက ငါးလောက် အရေးမကြီး ပုံမပေါ်ပါဘူး။

Read More...