
ဒီနှစ် စပါးပေါ်ချိန်လောက်က မြောင်ဒကာ စက်မှုဇုန်မှာ ရိုက်ခဲ့ပုံလေးပါ။
အဲဒီပုံကို ရိုက်တဲ့အချိန်က နေ့လည်တစ်နာရီကျော် နေရောင်က ခြစ်ခြစ် တောက်ပူလောင်နေတဲ့ အချိန်ပေါ့။ အဲဒီ အချိန်မှာ ကျွန်တော့်မှာ ထီးပါပါတယ်။ ဒါပေမယ့် ပူလွန်းလို့ ထွက်ပြေးချင် စိတ်ပေါက်တောင် ပေါက်မိပါတယ်။
ရေအိုင်လေးမှာ ငါးဖမ်းနေတဲ့ ညီအစ်ကိုလေး နှစ်ယောက်ကတော့ အဲလို ပူလောင်တဲ့ နေမင်းကို အံတုပြီး စပါးပင်တွေကြားက ရေအိုင်လေးတွေမှာ ငါးဖမ်းနေပါတယ်။ သူတို့ အတွက်ကတော့ ပူလောင်ခြင်းဟာ ရေအိုင်ထဲက ငါးလောက် အရေးမကြီး ပုံမပေါ်ပါဘူး။
Read
More...
Summary
only...

ဒီပုံလေးက စစ်ကိုင်းတောင်ရိုးမှာ ရိုက်ခဲ့တာပါ။
ကျွန်တော်တို့ အုပ်စု မန္တလေးသွားတုန်းက ရာသီဥတု ဆိုးရွားလွန်းတာကြောင့် စစ်ကိုင်းချောင်က သီလှရှင်ကျောင်း တစ်ကျောင်းမှာ တစ်ညတည်းခို ခဲ့ရပါတယ်။ နောက်နေ့မနက်မှာ သီလှရှင်လေးတွေ ခရေပန်းကောက်ပြီး ဘုရာပေါ် တက်သွားတာ မြင်လို့ လှမ်းရိုက်လိုက်တာပါ။ ကင်မရာက အိုလမ်ပတ် Mega Pixel 4.0 ပျော်တမ်း ကင်မရာလေး ဖြစ်တာကြောင့် ပုံထွက်တော့ မကောင်းလှပါဘူး။ ဒါပေမယ့် အမှတ်တရ အနေနဲ့ တင်လိုက်တာပါ။
ရာဦဥတုဆိုးရွားလို့ စစ်ကိုင်းချောင်မှာ အရေးပေါ် အိပ်လိုက်ရတဲ့ အကြောင်းကို
ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်
Read
More...
Summary
only...

ပြီးခဲ့ ကိုနေဘုန်းလတ် မွေးနေ့မှာ မင်္ဂလာဈေး အပေါ်ဆုံးထပ်ကနေ လှမ်းဖူးတွေ့နေရတဲ့ ရွှေတိံဂုံဘုရားကို ဘလာဂေါက်ရဲ့ ဆိုနီ 6.0 ကင်မရာလေးနဲ့ လှမ်းရိုက်ထားလိုက်တဲ့ ပုံလေးပါ။
ဝင်တော့လုဆဲဆဲ နေအရောင်က တိပ်တွေကို ရောင်ပြန်ဟပ်ပြီး လွှမ်းခြုံထားပုံက ရုတ်တရာက်ကြည့်လိုက်ရင် ဘုရားကို ဆီးမီးထွန်းပေး ထားသလိုပါပဲ
Read
More...
Summary
only...
ပြီခဲ့တဲ့ နွေရောသီတုန်းက ရိုက်ခဲ့တဲ့ ပုံလေးပါ
ဒီပုံလေးက မကွေးကနေ ပခုက္ကူကိုအသွား လမ်းမှာ ကားဆီထည့်လို့ ခဏနားတုန်း ရိုက်ထား လိုက်တာပါ။
အဲဒီအချိန်က မကွေးကနေ ပခုက္ကူသွားရာ လမ်းတစ်လျှောက်မှာ စိန်းပန်းတွေ ရဲနေအောင် ပွင့်နေကြပါတယ်။ ဖုန်တစ်ထောင်းထောင်းနဲ့ အရမ်းကိုပူပြင်းလှတဲ့ ရာသီဥတုကို အံတုပြီး ပြိုင်တူပွင့်နေကြတဲ့ စိန်ပန်းပွင့်လေးတွေက ညီညွတ်မှုကို ပြသနေပါတယ်
Read
More...
Summary
only...